မြန်မာတို့ ဆုံဆည်းရာ
"မြန်မာတို့ ဆုံဆည်းရာ ဖိုရမ်"သို့ လာရောက်လည်ပတ်ပေးခြင်းကို ၀မ်းမြောက်မိပါသည်။


မြန်မာတို့ အားလုံးဆုံဆည်းနိုင်ဖို့ ဒီဖိုရမ်လေးကို ပြုလုပ်ထားရခြင်းဖြစ်ပါတယ်..
HomeSearchRegisterLog in
ကျွန်တော်တို့ ဒီဆိုက် http://mmfp.findtalk.biz ကို ၀င်ရောက်သော Guest အား နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်ဗျာ.....

Share | 
 

 အကယ်၍

View previous topic View next topic Go down 
AuthorMessage
myomin
avatar

ဖိုရမ်ထိန်း

ဖိုရမ်ထိန်း


ကျား/မ : Male
ရေးသားချက် : 14
ဖိုရမ်ရမှတ် : 2489
ရေးသားချက်သဘောကျ ခံရမှု : 5
မှတ်ပုံတင်သောနေ့ : 2010-07-12
အသက် : 36
နေထိုင်ရာနေရာ : ရန်ကုန်

PostSubject: အကယ်၍   Thu Jul 22, 2010 8:06 pm

အကယ်၍


အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။


စာကျွင်း။ ။ဒီကဗျာလေးကတော့ လူတိုင်းနီးပါသိပြီးသာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဖိုရမ်မှာ မရှိသေးလို့ တင်ပေးလိုက်ပါတယ်။
Back to top Go down
ဟိဏ်းလေး
avatar

လေ့လာစလူငယ်(level 4)

လေ့လာစလူငယ်(level 4)


ကျား/မ : Male
ရေးသားချက် : 17
ဖိုရမ်ရမှတ် : 2491
ရေးသားချက်သဘောကျ ခံရမှု : 1
မှတ်ပုံတင်သောနေ့ : 2010-07-15
အသက် : 32
နေထိုင်ရာနေရာ : မြန်မာပြည်ရဲ့ အဝေးတနေရာ

PostSubject: Re: အကယ်၍   Fri Jul 23, 2010 8:08 pm

ခုလိုမရှိသေးတဲ့ ကဗျာလေးတွေတင်ပေးထားလို့ 
ဖိုရမ်ထိန်းကိုမျိုးမင်းကိုကျေးဇူးအထူးတင်ပါတယ်
နောက်လည်းဒီထက်ကောင်းတာလေးတွေတင်ထားပေးပါအုံး
Back to top Go down
lkaunglay


အုပ်ချူပ်ရေးမှူး

အုပ်ချူပ်ရေးမှူး


ကျား/မ : Male
ရေးသားချက် : 82
ဖိုရမ်ရမှတ် : 2619
ရေးသားချက်သဘောကျ ခံရမှု : 19
မှတ်ပုံတင်သောနေ့ : 2010-07-07
အသက် : 25
နေထိုင်ရာနေရာ : ကျောက်မဲမြို့တော်

PostSubject: Re: အကယ်၍   Fri Jul 23, 2010 11:42 pm

ကိုမျိုးမင်းရေ ကဗျာလေးကကောင်းပါတယ် နောက်လဲ ဆက်တင်ပေးပါအုံးနော်.......
Back to top Go down
http://kyaukmethar.co.cc
Sponsored content





PostSubject: Re: အကယ်၍   

Back to top Go down
 

အကယ်၍

View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
မြန်မာတို့ ဆုံဆည်းရာ :: ရင်ထဲက စာပေများ :: ကဗျာကဏ္ဍ :: ဖတ်ဖူးသမျှ ကဗျာများ-
How to make a forum | Society and Culture | Teens | © phpBB | Free forum support | Contact | Report an abuse | Free forum