မြန်မာတို့ ဆုံဆည်းရာ
"မြန်မာတို့ ဆုံဆည်းရာ ဖိုရမ်"သို့ လာရောက်လည်ပတ်ပေးခြင်းကို ၀မ်းမြောက်မိပါသည်။


မြန်မာတို့ အားလုံးဆုံဆည်းနိုင်ဖို့ ဒီဖိုရမ်လေးကို ပြုလုပ်ထားရခြင်းဖြစ်ပါတယ်..
HomeSearchRegisterLog in
ကျွန်တော်တို့ ဒီဆိုက် http://mmfp.findtalk.biz ကို ၀င်ရောက်သော Guest အား နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်ဗျာ.....

Share | 
 

  .......... အဝေးမြို့လေးသို့...

View previous topic View next topic Go down 
AuthorMessage
lonelyspirit


လေ့လာစလူငယ်(level 2)

လေ့လာစလူငယ်(level 2)


ကျား/မ : Female
ရေးသားချက် : 3
ဖိုရမ်ရမှတ် : 2349
ရေးသားချက်သဘောကျ ခံရမှု : 0
မှတ်ပုံတင်သောနေ့ : 2010-07-18
အသက် : 24
နေထိုင်ရာနေရာ : ကမ္ဘာမြေကြီးရဲ့တစ်နေရာရာမှာပေါ့............

PostSubject: .......... အဝေးမြို့လေးသို့...   Sun Jul 18, 2010 1:27 pm

၁) အ၇ိုးထဲထိ စိမ့်နေအောင်လွမ်းတဲ့ တမ်းချင်းတွေ မြို့ကလေး၇ဲ့ အဝေး၇င်ခွင်မှာ ကျနော်ဆိုညည်းလို့...။ဂျစ်ပစီတေးသွား၇ယ်,ယူကလစ်နံ့သင်းတဲ့
လေပြေတချို့၇ယ်, ခုချိန်ဆို မြို့ကလေး၇ဲ့ ကျော၇ိုးထက် လမ်းလျှောက်ထွက်နေပြီထင်၇ဲ့။ မြို့ကလေးဟာ အနာဂါတ်တောင်တန်းပေါ် တည်စွဲထားတဲ့မြို့...။
အဲဒီမြို့ကလေးမှာ လူငယ်တစ်ယောက်၇ဲ့ စိမ်းစိမ်းမြင့်မြင့် အိမ်မက်တွေ ၇ိုးတံပြိုင်းပြိုင်းနဲ့ ကျန်၇စ်ခဲ့တယ်။ တစ်ကိုယ်စာစိုစွတ်မှုအတွက် တစ်စက်မကျန်သွန်မှောက်ပစ်လိုက်၇တဲ့ ပင်လယ်သေကြီးကျန်ခဲ့တယ်။ ကျနော့်စိတ်ကူးထဲမှာတော့ မြို့ကလေးဆီ နေ့တိုင်း,နေ့တိုင်း ပြန်,ပြန်နေမိ၇ဲ့။
ဟိုးအဝေးက... ... မြို့ငယ်လေး... ... ကိုယ့်ဘ၀၇ဲ့... ... နှလုံးသားတစ်ခုပဲ...
မင်း၇ှိတဲ့ မြို့ငယ်လေး... ... ခြေလှမ်းများက... ... ဦးလှည့်ကာပြန်ချင်...
အစဉ်သာအိမ်မက်မက်နေ... ... မိုးလင်းတိုင်းလွမ်းစိတ်ကမပြေ...

၂)
“ပန်းလောင်”တဲ့...။ ဘယ်လောက်တောင် ကဗျာဆန်ထားလဲ! မြို့ကလေးဟာေ၇စီးသန်အချစ်မြစ်တွေ ဖြတ်သန်းစီးဆင်းနေတဲ့မြို့။ အဲဒီမြို့ကလေးမှာပေါင်မုန့်ဖြစ်မလာနိုင်တော့တဲ့ ၇ိတ်ချိန်လွန် ဂျုံခင်းတွေလဲ ကျန်ခဲ့တယ်။ “မဒီနာ”ကဖီးနဲ့သက်ပြင်းချတတ်တဲ့ မြက်၇ိုင်းတွေလဲ ကျန်ခဲ့တယ်။ ဂစ်တာတစ်လက်နဲ့ ၇က်စက်တတ်သော ကျနော့်၇ဲ့“မမ”လဲကျန်ခဲ့တယ်။ေ၇ခဲစိမ်အပြုံးတွေ,တစ်ခါသုံးမျက်နှာဖုံးတွေကြားကမြို့ပြ၇ဲ့ခမ်းနားမှုထဲမှာ ကျနော့်၇င်က မြို့ကလေးအကြောင်း အပြီးမသတ်ဖြစ်တဲ့ ကဗျာတပိုင်းတစကိုပဲ လွမ်းဆွတ်တတ်လာတယ်။
တောက်ပတဲ့ လင်းေ၇ာင်ခြည်များ... ... စိမ်းလန်းတဲ့တောင်ပြာတန်းတွေ...
အေးမြတဲ့ စမ်းချောင်းငယ်များ... ... နွေးထွေးတဲ့ မင်း၇ဲ့အပြုံးတွေ...
အဝေးဆုံးလဲ ဝေးမနေချင်... ... အနီးဆုံးပဲ မင်း၇ဲ့၇င်ခွင်...
မွန်းကြပ်တဲ့ မြို့ပြတွေထဲ... ... အလွမ်းများနဲ့ စီးဆင်းနေဆဲ...
တစ်ချိန်မှာ ချစ်ခြင်းတ၇ားတွေ... ... မဟောင်းနွမ်းဘဲ မင်းစောင့်လို့နေ...

၃)
တကယ်ဆို “အလွမ်း”ဆိုတာကလဲ ပျံ့ပွားနှုန်းအ၇မ်းမြန်တဲ့ ဗိုင်း၇ပ်(စ်)တွေလိုပဲ မဟုတ်လား? မြို့ကလေးဟာ အိမ်မက်
သစ်တောစိမ်းစိမ်းတွေ ၀ိုင်းပတ်ထားတဲ့ မြို့...။ အနုပညာစိုက်ပျိုးမှုကလွဲ၇င် လိုအပ်ချက်တွေ များများလာပြီး မလိုအပ်တာတွေ
လဲများများလာတဲ့ မြို့လေးဖြစ်တယ်။ ခလုတ်ကန်သင်းတွေ တိုး၇င်း,တိုက်၇င်း... နောက်ကျောက ဓါးပါးပါးလေးတွေကိုေ၇ှာင်
၇င်း,တိမ်း၇င်း...အလဲအကွဲနေ့စွဲများမှာ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်ထူမတ်၇င်း...ဒဏ်၇ာတွေ,အနာတ၇တွေ မျက်ကွယ်ပြုအံတု
၇င်း...ေ၀၀ါးမှုန်သီဆဲ ကျနော့်၇ဲ့ အနာဂါတ်တွေကို ထုဆစ်နိုင်ဖို့ မြို့ကလေး၇ဲ့ အသက်၇ှုသံကို ကျနော်ကြားနာနိုင်သမျှ ကြားနာ
ခွင့်၇ချင်မိတယ်။
နုညံ့တဲ့ ပါးပြင်အောက်... ... နှုတ်ခမ်းများက ၇င်ခုန်လွန်းနေ...
၇ျွှန်းလဲ့တဲ့ မျက်လုံးဝိုင်းတွေကြား... ... အနမ်းများနဲ့ သတိ၇လို့နေ...
၇င်ထဲမှာ အမြဲ၇ှိနေမယ်... ... စိတ်ကူးနဲ့ ၇ူးနေသူ...
အိမ်မက်တွေ ဆက်မက်နေမယ်... ... ပြန်ခဲ့မယ် တစ်နေ့တော့ကွယ်...

၎)
အပေါစားကျော်ကြားမှုတွေ, စီးက၇က်မီးခိုးငွေ့တွေ, ပလတ်စတစ်အိတ်တွေ, ပြန်ကောက်ဆက်၇ခက်တဲ့ သက္က၇ာဇ်အကျိုးအ
ကြေတချို့နဲ့ အောက်ကျခြင်း မျက်၇ည်စက်တွေ,... ... ... မြို့ကြီးပြကြီးဆိုတဲ့ အ၇ပ်ဒေသမှာ ထိတွေ့လိုက်၇တိုင်း
ကျနော့်မြို့ကလေးက ကုက္ကိုပင်တန်းနဲ့ မြေနီလမ်းလေးကို လွမ်းတယ်။ မပုပ်မသိုးနိုင်တဲ့ ၇ိုးသားခြင်းတချို့တ၀က်နဲ့ ကျနော်စီးနေ
ကျ စက်ဘီးလေးကို လွမ်းတယ်။ ဘုန်းကြီးကျောင်းက မနက်လေးနာ၇ီ ခေါင်းလောင်းထိုးသံနဲ့ ၀ါဆိုဘု၇ားပွဲကိုလွမ်းတယ်။ ကျနော့်စိတ်ကူးထဲမှာတော့ မြို့ကလေးဆီ နေ့တိုင်း နေ့တိုင်းပြန် ပြန်နေမိ၇ဲ့။ ။
အနာဂါတ်တွေ လှပနေမယ်... ... ငါ့စိတ်က မင်း၇ဲ့ဆီလည်...
မျှော်လင့်ချက် အလင်းတန်းတွေနဲ့... ... ပြန်ခဲ့မယ် တစ်နေ့တော့ကွယ်...
အ၇ာ၇ာ မပျောက်ဆုံးဘူး... ... ဘယ်လိုပင် ငါမမေ့နိုင်ဘူး...
၇င်မှာ မြို့လေးတစ်မြို့... ... ပြန်ခဲ့မယ် တစ်နေ့တော့ကွယ်...
Back to top Go down
Admin


အုပ်ချူပ်ရေးမှူး

အုပ်ချူပ်ရေးမှူး


ကျား/မ : Male
ရေးသားချက် : 69
ဖိုရမ်ရမှတ် : 2519
ရေးသားချက်သဘောကျ ခံရမှု : 5
မှတ်ပုံတင်သောနေ့ : 2010-07-04
အသက် : 25
နေထိုင်ရာနေရာ : လားရှိုး

PostSubject: Re: .......... အဝေးမြို့လေးသို့...   Sun Jul 18, 2010 7:08 pm

ကောင်းပါတယ်ဗျာ... ဒီလို ၀တ္ထုတစ်ပိုဒ် ကဗျာတစ်ပိုဒ်ပုံစံမျိုးကို ကျွန်တော် ၈ တန်းလောက်က ဖတ်ဘူးတယ်... ဆရာဒေါင်းနွယ်ဆွေရဲ့ ကလျာမိမိမုန်းလေ တော်တော်ကောင်းပါတယ် ဒါပေမယ့်လူငယ်တွေတော့ သိပ်မဖတ်သင့်ဘူးပေါ့...
Back to top Go down
http://mmfp.findtalk.biz
lkaunglay


အုပ်ချူပ်ရေးမှူး

အုပ်ချူပ်ရေးမှူး


ကျား/မ : Male
ရေးသားချက် : 82
ဖိုရမ်ရမှတ် : 2510
ရေးသားချက်သဘောကျ ခံရမှု : 19
မှတ်ပုံတင်သောနေ့ : 2010-07-07
အသက် : 25
နေထိုင်ရာနေရာ : ကျောက်မဲမြို့တော်

PostSubject: Re: .......... အဝေးမြို့လေးသို့...   Tue Jul 27, 2010 7:28 pm

ဒီဝတ္ထုတစ်ပိုဒ် ကဗျာတစ်ပိုဒ်နဲ့ ပုံစံမျိုးစာတွေကို အခု ပထမဆုံးအနေနဲ့ ကျွန်တော်ဖတ်ဖူးတာတော့မဟုတ်ပါဘူး
ဒါပေမယ့် ဘယ်ထဲမှာ ဖတ်ရတယ်ဆိုတာတော့ မသိတော့ဘူးဗျ မေ့သွားပြီ
ဒီလိုပုံစံမျိုးပါပဲ ဒါပေမယ်ဒီ အဒ်မင်ကြီးပြောတဲ့ စာရေးဆရာဟုတ်မဟုတ်တော့မသိတော့ဘူးဗျ
ဒါပေမယ့် ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..............
Back to top Go down
http://kyaukmethar.co.cc
Sponsored content





PostSubject: Re: .......... အဝေးမြို့လေးသို့...   Today at 7:37 pm

Back to top Go down
 

.......... အဝေးမြို့လေးသို့...

View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
မြန်မာတို့ ဆုံဆည်းရာ :: ရင်ထဲက စာပေများ :: ၀တ္ထု ကဏ္ဍ :: ကိုယ်တိုင်ရေးဝတ္ထုများ-
Free forum | © phpBB | Free forum support | Contact | Report an abuse | Free forum