မြန်မာတို့ ဆုံဆည်းရာ
"မြန်မာတို့ ဆုံဆည်းရာ ဖိုရမ်"သို့ လာရောက်လည်ပတ်ပေးခြင်းကို ၀မ်းမြောက်မိပါသည်။


မြန်မာတို့ အားလုံးဆုံဆည်းနိုင်ဖို့ ဒီဖိုရမ်လေးကို ပြုလုပ်ထားရခြင်းဖြစ်ပါတယ်..
HomeSearchRegisterLog in
ကျွန်တော်တို့ ဒီဆိုက် http://mmfp.findtalk.biz ကို ၀င်ရောက်သော Guest အား နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်ဗျာ.....

Share | 
 

 စံစားမှုမပါတဲ့ ခံစားမှုပေါင်းများစွာဖြင့် ဘ၀ထဲကို ၀င်ကြည့်ခြင်း

View previous topic View next topic Go down 
AuthorMessage
manawphyulay


လေ့လာစလူငယ်(level 5)

လေ့လာစလူငယ်(level 5)


ကျား/မ : Female
ရေးသားချက် : 23
ဖိုရမ်ရမှတ် : 2016
ရေးသားချက်သဘောကျ ခံရမှု : 0
မှတ်ပုံတင်သောနေ့ : 2011-08-05

PostSubject: စံစားမှုမပါတဲ့ ခံစားမှုပေါင်းများစွာဖြင့် ဘ၀ထဲကို ၀င်ကြည့်ခြင်း   Wed Oct 19, 2011 2:25 pm

အဆင်မပြေမှုတွေ များနေတဲ့ ဘ၀မှာ
ဘယ်အရာမှ ငါ အလိုမကျခဲ့
တိုးတက်နေတဲ့ ခေတ်ကြီးမှာ
ငါကကော ဘာမို့လို့လဲ
ကိုယ့်ဘ၀ကို အားငယ်မိပေမဲ့
ကိုယ့်ဘာသာပဲ အားပေးနေခဲ့
‘ဒီလိုဘ၀မျိုးကို ငါတစ်ယောက်တည်း ရရှိနေတာ မဟုတ်ဘူး
တဖြည်းဖြည်းနဲ့ စိတ်ဓာတ်က အ၀ီစိထိကျဆင်းနေခဲ့
ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်ရင်း
ခြေသလုံးတွေ တောင့်တင်းနေခဲ့
လှဲကျလို့ ပြန်ထရင်တောင်
ကူမယ့်သူမရှိ
တစ်ခါတလေ မျက်ရည်ကျမိပေမဲ့
ထပ်ကျဖို့တောင် မျက်ရည်လက်ကျန်မရှိတဲ့ဘဝ
သြော်... ဘ၀ ဘ၀လို့တောင်
မအော်နိုင်တဲ့ ငါ့ရဲ့အဖြစ်
စိတ်ပျက်စရာ လူတချို့နဲ့
တွေ့ကြုံခဲ့ရ
မပြုံးတတ်ဘဲ ပြုံးလိုက်ကြ
မရယ်တတ်ဘဲ ရယ်လိုက်ကြ
ဘ၀မှာ
ဖြစ်ချင်ခဲ့တာတွေ များသလောက်
ဘာတစ်ခုမှ ပေါက်မြောက်အောင်
မဖြစ်တဲ့ ငါ့ဘဝ
ကိုယ်ရှိလို့သာ ဘ၀ဆိုတာ
ရှိနေမှန်း ဖြေသိမ့်ခဲ့ရ
ကိုယ့်ဆီက လိုချင်တာတွေ
ရနိုင်တုန်းက အခင်ဆုံးတွေလို့
ပြောတတ်သူတွေကလည်း
နောက်ထပ် ဘာမှ ရယူစရာမရှိတော့တဲ့အခါမှာ
ကိုယ့်နားက ခပ်ခွာခွာ
ဟန်ဆောင်မှုများနဲ့ နှုတ်ဆက်
အားလုံးကို ကိုယ့်လိုပဲ သဘောထားပြီး
အရိုးခံအတိုင်း ပေါင်းသင်းတတ်တဲ့ ငါ့အကျင့်က
ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေခဲ့မှန်း
ရင်ခုန်သံတွေ ယောင်ယမ်းနာကျင်လာတဲ့အခါမှာ
သဘောပေါက်လိုက်မိတော့တယ်
တောင့်တင်းနေတဲ့ ခြေထောက်ကို
ဆေးလိမ်းရင်း ခရီးဆက်ခဲ့
အောင်မြင်ခြင်းရဲ့ ပန်းတိုင်ဟာ
ယုံကြည်မှုပဲ
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း
မနက်ဖြန်ဆိုတာ ရှိနေသမျှ
ငါ့ဘ၀ရဲ့ မျှော်လင့်ခြင်း လင်းရောင်ခြည်ဟာ
အနီးလေးမှာဘဲ
လောကဆိုတာ မာယာ
မာယာဆိုတာ လောက
ဒီလောကအလယ်မှာ
ဘ၀ကို ကျေနပ်စွာ နေတတ်ဖို့အတွက်
ကံတရားကို ကိုယ့်ဘက်သားဖြစ်အောင်တော့
စည်းရုံးကြည့်ရဦးမယ်လေ
ဖြစ်လာဖို့အရေး မျှော်တွေးရင်း
လူ့ဘ၀ဆိုတာ
မျှော်လင့်သလို ဖြစ်လာခဲ့ရင်တောင်
ဖြစ်လာပြီးနောက်မှာ
ဘာမှမဟုတ်တော့ဘဲ
ဒီလိုနဲ့ အချိန်တန်တော့လည်း
ပြီးဆုံးခြင်းကို ရောက်ရှိရတော့တာပါပဲလေ...
မနောဖြူလေးမှ ခံစားရေးဖွဲ့သည်။
Back to top Go down
http://www.manawphyu.net
lkaunglay


အုပ်ချူပ်ရေးမှူး

အုပ်ချူပ်ရေးမှူး


ကျား/မ : Male
ရေးသားချက် : 82
ဖိုရမ်ရမှတ် : 2503
ရေးသားချက်သဘောကျ ခံရမှု : 19
မှတ်ပုံတင်သောနေ့ : 2010-07-07
အသက် : 25
နေထိုင်ရာနေရာ : ကျောက်မဲမြို့တော်

PostSubject: Re: စံစားမှုမပါတဲ့ ခံစားမှုပေါင်းများစွာဖြင့် ဘ၀ထဲကို ၀င်ကြည့်ခြင်း   Tue Dec 06, 2011 12:30 pm

ကောင်းပါတယ်ဗျာ ဆက်လက်ရေးသားနိုင်ပါစေဗျာ
Back to top Go down
http://kyaukmethar.co.cc
 

စံစားမှုမပါတဲ့ ခံစားမှုပေါင်းများစွာဖြင့် ဘ၀ထဲကို ၀င်ကြည့်ခြင်း

View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
မြန်မာတို့ ဆုံဆည်းရာ :: ရင်ထဲက စာပေများ :: ကဗျာကဏ္ဍ :: ကိုယ်တိုင်ရေးကဗျာများ-
Free forum | © phpBB | Free forum support | Contact | Report an abuse | Free forum